ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မူဝါဒဖော်ပြချက်

ဤမူဝါဒဖော်ပြချက်သည် လူကြီးမင်းမှ ပေးအပ်ထားသော ကိုယ်ရေးအချက်လက်များနှင့်အတူ SMGF Company နှင့်တွဲဖက်လုပ်ကိုင်သူများ (မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ၂၀၁၇ခုနှစ်တွင် ပြဌာန်းထားသည့်အတိုင်း) နှင့် သဘောတူညီချုပ်ဆိုထားသော အကြောင်းအရာများအားလုံး အကျုံးဝင်ပါသည်။

လူကြီးမင်းမှသဘောတူညီသည်မှာ ကျွန်ုပ်တို့မှ [တစ်ဦးချင်းဖြစ်စေ (သို့) စုပေါင်း၍ဖြစ်စေ] ဤမူဝါဒဖော်ပြချက်နှင့်အညီ အလျဉ်းသင့်သလို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို သဘောတူပါသည်။

ဤမူဝါဒဖော်ပြချက်အား အသိမှတ်ပြုသဘောတူညီခြင်းသည် လူကြီးမင်းမှ သဘောတူညီထားသော အခြား သဘောတူညီချက်များနည်းတူ [တစ်ခုခြင်းဖြစ်စေ(သို့)စုပေါင်း၍ ဖြစ်စေ] သီးခြားသဘောတူချက်တခုအဖြစ် မှတ်ယူမည် ဖြစ်သည်။

လူကြီးမင်းထံမှရယူထားသော ပုဂ္ဂိုလ်ရေးရာအချက်အလက်များနှင့် ဘဏ္ဍရေးဆိုင်ရာသတင်းအချက်လမ်းများအား လုံခြုံစွာကာကွယ်သွားမည်ဟု ကျွန်ုပ်တို့မှ ဝန်ခံကတိပြုပါ သည်။

ထို့အတူ ပုဂ္ဂိုလ်ရေးရာနှင့်ဘဏ္ဍာရေးဆိုင်ရာသတင်းအချက်လက်များအား ပြဌာန်းထားသောတရားဥပဒေနှင့်များအညီ [ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ ၂၀၁၄ခုနှစ်၊ နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ၂၀၁၇ခုနှစ်၊ မြန်မာနိုင်ငံငွေကြေးအဖွဲ့အစည်းများဥပဒေ ၂၀၁၇ခုနှစ် အစရှိသည့် လိုက်နာရန်စည်းမျဉ်းဥပ‌‌ဒေများအရ] သို့မဟုတ် ရယူရန်လိုအပ်သည် အကြောင်းအရာများအတွက်သာ ကောက်ယူခြင်း၊ ထိန်းသိမ်းထားရှိခြင်း၊ အသုံးပြုခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်းကို သဘောတူ လက်ခံထားပါသည်။


ပုဂ္ဂိုလ်ရေးရာနှင့်ဘဏ္ဏာရေးဆိုင်ရာသတင်းအချက်အလက်

ကျွန်ုပ်တို့ရည်ညွှန်းသည့် ပုဂ္ဂိုလ်ရေးရာနှင့်ဘဏ္ဍာရေးဆိုင်ရာသတင်းအချက်အလက်ဆိုသည်မှာ ခွဲခြားသတ်မှတ်၍ရသည့် လူပုဂ္ဂိုလ်တဦးချင်းစီ၏ သတင်းအချက်အလက် သို့မဟုတ် ထင်မြင်ယူဆချက်များကို ဆိုလိုပါသည်။ ထိုသတင်းအချက်လက်များသည် လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးရာအချက်အလက်များနှင့် သို့ ထင်မြင်ယူဆချက်တို့ပါဝင်ပါသည်။

ကျွန်ုပ်တို့မှ ထိန်းသိမ်းထားရှိထားသော ပုဂ္ဂိုလ်ရေးရာအချက်အလက်နှင့်ဘဏ္ဍာရေးဆိုင်ရာအချက်လက်များသည် အောက်တွင်ဖော်ပြထားသည့် ချေးငွေဆိုင်ရာသတင်းအချက်လက်များပါဝင်ပါသည်။

ချေးငွေဆိုင်ရာသတင်းအချက်လက်ဆိုသည်မှာ

  • လူကြီးမင်း၏ပုဂ္ဂိုလ်ရေးရာအချက်လက်များ ၊ ချေးငွေအမျိုးအစား၊ ချေးယူကာလနှင့် ခွင့်ပြုပေးသောချေးငွေပမာဏ၊ ချေးငွေထုတ်ပေးချိန်၊ ချေးငွေပြန်လည်ပေးဆပ်ချိန် နှင့် ပေးဆပ်မှုမှတ်တမ်းများ (ချေးငွေအချိန်မှန် ပြန်လည်ပေးဆပ်မှုမှတ်တမ်း)၊ ချေးငွေပေးဆပ်ရန်ပျက်ကွက်မှု (နောက်ကျပေးဆပ်မှု)၊ ချေးငွေပြန်လည်ပေးဆပ်မှု အချက်အလက်များ၊ ပေးဆပ်ရန်နည်းလမ်းအသစ်များ၊ ချေးငွေပြန်လည်ပေးဆပ်ရန်ပျက်ကွက်မှုများ၊ တရားစွဲခြင်းဆိုင်ရာအချက်အလက်များ၊ ပုဂ္ဂိုလ်ရေးရာအကြွေးမဆပ်နိုင်မှုအခြေအနေများ၊ လူသိရှင်ကြားကောက်ယူ၍ရနိုင်သည့် သတင်းအချက်အလက်များ အစရှိသည်တို့ပါဝင်ပါသည်။

  • ချေးငွေအစီရင်ခံခြင်းအဖွဲ့မှ ပေးအပ်လာသော ချေးငွေအစီရင်ခံခြင်းဆိုင်ရာသတင်းအချက်အလက်များ နှင့် ထိုအချက်အလက်များအားအခြေခံ၍ ရရှိလာသော သတင်းအချက်အလက်များ အစရှိသည်တို့ပါဝင်ပါသည်။


ပုဂ္ဂိုလ်ရေးရာနှင့်ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များ ကောက်ယူခြင်း

လူကြီးမင်းထံမှ မိမိတို့ကောက်ယူမည့် ပုဂ္ဂိုလ်ရေးရာသတင်းအချက်လက်များတွင် လူကြီးမင်း၏အမည်၊ မွေးသက္ကရာဇ်၊ နေရပ်လိပ်စာ၊ email လိပ်စာ၊ အိမ်ထောင်ရေးအခြေအ နေ၊ စုစုပေါင်းမှီခိုသူဦးရေ၊ ဘဏ်စာရင်းအချက်အလက်များ(မိုဘိုင်း ဘဏ်စာရင်းအချက်အလက်များအပါအဝင်)၊ ချေးငွေ ဆိုင်ရာမှတ်တမ်းများ(ချေးငွေပြန်လည်ပေးဆပ်မှုနှင့် လက်ကျန်ချေးငွေပမာဏ)၊ ဝင်ငွေ၊ အလုပ်ရှင်၏အချက်အလက်များ၊ အခြားသတင်းအချက်အလက်များဖြစ်သည့် နိုင်ငံကူးလက်မှတ်၊ ယာဉ်မောင်းလိုင်စင်၊ နိုင်ငံသားမှတ်ပုံ တင် အစရှိသည်တို့ပါဝင်ပါသည်။

ပုဂ္ဂိုလ်ရေးရာသတင်းအချက်အလက်များကောင်ယူရန် ပျက်ကွက်ပါက အဓိက ဖြစ်ပေါ်လာမည့် အကျိုးဆက်များမှာ ပုဂ္ဂိုလ်ရေးရာအချက်အလက်များ အကဲဖြတ်ရာတွင် မပြည့်စုံစေခြင်းနှင့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်း၊ ခွင့်ပြုပေးခြင်းတို့တွင် နှောင့်နှေးခြင်းများ ဖြစ်ပေါ်လာစေပါသည်။

ယေဘုယျအားဖြင့် ကျွန်ုပ်တို့သည်လူကြီးမင်း၏ ဘာသာရေး(သို့မဟုတ်) ကျန်းမာရေးနှင့်သက်ဆိုင်သော အချက်အလက်များကဲ့သို့ အရေးကြီးသည့်အချက်အလက်များကို ထုတ်ဖော်ပေးအပ်ရန် လူကြီးမင်းအား တောင်းဆိုလိမ့်မည်မဟုတ်ပါ။ သို့ရာတွင် တစ်ခါတစ်ရံ၌ သင်၏အရေးကြီးသော သတင်းအချက်အလက်များကိုထိန်းသိမ်းထားရှိရန် (သို့မဟုတ်) ထိုအရေးကြီးသည့်သတင်းအချက်အလက်များ အခြေအနေအရပေးအပ်ရန် လိုအပ်လာနိုင်ပါသည်။ (ဥပမာ ကျန်းမာရေးနှင့်ပတ်သက်သော သတင်းအချက်အ လက်များကို ပေးအပ်ရန် သဘောတူခွင့်ပြုခြင်း)။ ဤသို့သော အခြေအနေမျိုးတွင်၊ ထိုကဲ့သို့ အရေးကြီးသည့်သတင်းအချက်အလက်များကို ထိန်းသိမ်းထားရှိရန် ကျွန်ုပ်တို့ အား သဘောတူညီပါသည်။

အီလက်ထရောနစ်နည်းအရ ရယူခြင်း

ကျွန်ုပ်တို့သည် သတင်းအချက်အလက်များကိုအီလက်ထရောနစ်နည်းဖြင့်အင်တာနက်မှကောက်ယူခြင်း၊ မိုဘိုင်းဖုန်း(သို့မဟုတ်) ဖုန်းအပလီကေးရှင်းများအပြင် လက်တွေ့မေးမြန်း ကောက်ယူသွားမည်ဖြစ်သည်။

လူကြီးမင်းအား ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုပေးရန်နှင့် ပိုမိုထိရောက်သော ၀က်ဘ်ဆိုက်နှင့် မိုဘိုင်းအပလီကေးရှင်းများပေးရန် 'Cookies' ဟုခေါ်သည့်နည်းပညာကို ကျွန်ုပ်တို့အသုံးပြုနိုင်ပါသည်။ 'Cookie'ဆိုသည်မှာ ကျွန်ုပ်တို့၏ ဝဘ်စာမျက်နှာဆာဗာမှ လူကြီးမင်း၏ ကွန်ပျူတာပေါ်တွင် ထားရှိသော သေးငယ်သည့် စာသားဖိုင်တစ်ခုဖြစ်ပါသည်။ ထို 'Cookie'များအား ကျွန်ုပ်တို့၏ ဝက်ဘ်စာမျက်နှာဆာဗာများမှ ရယူနိုင်သည်။ 'Cookie'များကို မကြာခဏ ဝက်ဘ်ဆိုက်များတွင် အသုံးပြုလေ့ရှိပြီး လူကြီးမင်း၏ သဘောတူညီမှုနှင့် ရွေးချယ်မှုများဖြင့် လူကြီးမင်း၏ အင်တာနက် Browser များအား ပြင်ဆင်ခြင်းဖြင့် Cookie ကို မည်ကဲ့သို့ လက်ခံမည်ကို ရွေးချယ်နိုင်ပါသည်။

ကျွန်ုပ်တို့ (သို့မဟုတ်) ကျွန်ုပ်တို့၏ ၀န်ဆောင်မှုပေးသူများက cookie များကို ရည်ရွယ်ချက် အမျိုးမျိုးအတွက် အောက်ပါအတိုင်း အသုံးပြုနိုင်သည်။

- လူကြီးမင်း၏အင်တာနက် Browserအတွက် သီးသန့် နံပါတ်တစ်ခုကို သတ်မှတ်ရန်၊

- ကျွန်ုပ်တို့၏ ၀က်ဘ်ဆိုက်ကို လူကြီးမင်း၏လိုအပ်ချက်အလိုက် ပြင်ဆင်ပြောင်းလဲနိုင်ရန်၊

- အချက်အလက်များ ကောက်ယူရန် (သို့မဟုတ်) အမူအကျင့်ဆိုင်ရာခွဲခြမ်းစိတ်ဖြာခြင်း စသည့် ရည်ရွယ်ချက်များအတွက် အသုံးပြုရန်;

- အခြား၀က်ဘ်ဆိုဒ်များ ၀င်ရောက်ထားခြင်းရှိ မရှိ ခွဲခြားရန် နှင့်

- အခြား လုံခြုံရေးရည်ရွယ်ချက်များအတွက် အသုံးပြုရန် ။


အချို့သောအခြေအနေများတွင် Cookies များ၊ Pixel များ၊ Re-directs နှင့် Tag တို့ကို အသုံးပြုခြင်းမှ ကောက်ယူရရှိသောအချက်အလက်များသည် လူကြီးမင်းအား မည်သူမည်၀ါအဖြစ် ခွဲခြားသတ်မှတ်နိုင်စေပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ (သို့မဟုတ်) အရေးကြီးသည့်သတင်းအချက်အလက်များကို ပါ၀င်နိုင်သည်။ ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက် (သို့မဟုတ်) ၀န်ဆောင်မှုကိုအသုံးပြုခြင်းအားဖြင့် လူကြီးမင်းသည် Cookiesများ၊ Pixel များ၊ Re-directs နှင့် Tagများအား များကိုအသုံးပြုရန်အတွက် သဘောတူညီပြီး (သို့မဟုတ်) သတင်းအချက်အလက်များကို ကောက်ယူရန်နှင့် အခြားပြည်ပအဖွဲ့အစည်းများမှ အသုံးပြုရန် သဘောတူသည်။


ပုဂ္ဂိုလ်ရေးရာအချက်အလက်များ ကောက်ယူခြင်း၏ရည်ရွယ်ချက်

လူကြီးမင်း၏ပုဂ္ဂိုလ်ရေးရာနှင့် ချေးငွေဆိုင်ရာအချက်အလက်များကို ကျွန်ုပ်တို့မှ ကောက်ယူခြင်းဖြင့် -

- လူကြီးမင်းကို မည်သူမည်၀ါအဖြစ် ခွဲခြားစေနိုင်ပြီး သင့်တော်သောစစ်ဆေးမှုများ နှင့် အခြားလုံခြုံရေးအရ စစ်ဆေးမှုများပြုလုပ်နိုင်ပါသည်။

- လူကြီးမင်း၏လိုအပ်ချက်များကို နားလည်သိရှိနိုင်ပြီး လူကြီးမင်းအား ကုန်ပစ္စည်း (သို့မဟုတ်) ၀န်ဆောင်မှုများအား ဆောင်ရွက်ပေးနိုင်ပါသည်။

- ချေးငွေ (သို့) ၀န်ဆောင်မှုများခွင့်ပြုရန် အကဲဖြတ်ခြင်းနှင့် ချေးငွေမှတ်တမ်းများရယူခြင်းအပါအ၀င် ဖြစ်သည့် လုပ်ဆောင်ချက်များကို သတ်မှတ်ခြင်းနှင့်စီမံခန့်ခွဲခြင်း

- ချေးငွေ (သို့) ၀န်ဆောင်မှုများခွင့်ပြုပေးအပ်ရန်အတွက် သင့်လျော်ပြီး အရည်အချင်းပြည့်မီမှုကို အကဲဖြတ်ခြင်း။

- ၀န်ထမ်းများနှင့် ကိုယ်စားလှပ်ဆောင်ပေးမည့်သူများအား စီမံခန့်ခွဲ၍၊ လေ့ကျင့်သင်ကြားရန်နှင့် ဖွံ့ဖြိုးတိုးတက်လာစေခြင်းဖြင့် အလုပ်ဆက်လက် ခန့်အပ်ထားနိုင်ရန် (ကျွန်ုပ်တို့၏၀န်ထမ်းများနှင့်သာ သက်ဆိုင်ပါသည်))၊

- ပေးရန်ရှိချေးငွေများအား ကောက်ခံခြင်းနှင့် ပြန်လည်ရရှိရန် စီရင်ဆောင်ရွက်ခြင်းများ ပြုလုပ်ရန်အတွက် လူကြီးမင်းနှင့်ကျွန်ုပ်တို့အကြား ဆက်သွယ်ရေးကို တည်ဆောက်ခြင်း။

- တိုင်ကြားမှုများနှင့်အငြင်းပွားမှုများကို စီမံခန့်ခွဲခြင်း၊ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များနှင့် အခြားအာဏာပိုင် အဖွဲ့အစည်းများအား သတင်းပေးပို့ခြင်း။

- ဝယ်ယူသူစိတ်ကျေနပ်မှုရရှိစေရန်နှင့် ချေးငွေနှင့်၀န်ဆောင်မှုများ တိုးတက်လာစေရန် ရည်ရွယ်ချက်များအတွက် လေ့လာဆန်းစစ်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာမှုများပြုလုပ် ခြင်း။ ၎င်းတွင်ကျွန်ုပ်တို့သည် အခြားအဖွဲ့အစည်းများမှရရှိသော သတင်းအချက်အလက်နှင့် ကျွန်ုပ်တို့ကောက်ယူထားသောအချက်အလက်များကို နှိုင်းယှဉ်၍ ကိုက် ညီမှုများပြုလုပ်နိုင်သည်။ (ထို့အတူ ကျွန်ုပ်တို့မှလည်း ဤရည်ရွယ်ချက်များအတွက် ရရှိထားသည့် အချက်အလက်များကိုလည်း အသုံးပြုနိုင်သည်။)

- လက်ရှိ (သို့မဟုတ်) အခြား ချေးငွေနှင့် ဝန်ဆောင်မှုအသစ်များ ပြုလုပ်ဖန်တီးသွားနိုင်ရန်၊ လူကြီးမင်း၏လိုအပ်ချက်အရ အခြားဝန်ဆောင်မှုအသစ်များနှင့်အခွင့်အလမ်း များကို ရွေးချယ်၍ ပေးအပ်သွားနိုင်ရန်။

- ချေးငွေနှင့်ဝန်ဆောင်မှုအသစ်များကို ရှာဖွေရန် (သို့) တိုးတက်ကောင်းမွန်လာအောင်ဆောင်ရွက်ရန်။

- ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကဲ့သို့သော မြန်မာနိုင်ငံတော်ရှိ မှတ်ပုံတင်အဖွဲ့အစည်းများမှတဆင့်လုံခြုံမှုဆိုင်ရာအခွင့်အရေးအတွက်မှတ်ပုံတင်ခြင်း။

မမှန်ကန်သော (သို့မဟုတ်) မပြည့်စုံသောသတင်းအချက်အလက်များကို ပေးအပ်ခြင်း (သို့) ပေးရန်ပျက်ကွက်ခြင်းများရှိပါက ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများလုပ်ဆောင်ပေးရန် မဖြစ်နိုင်ခြင်းများ ရှိနိုင်ပါသည်။

သင့်လျော်ပြီးဖြစ်နိုင်ရင်ရှိပါက လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို လူကြီးမင်းထံမှ တိုက်ရိုက်ကောက်ယူပါမည်။ ထို့အတူ လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို သတင်းပို့သည့်အဖွဲ့များ၊ လူကြီးမင်း၏ ဘဏ်အကောင့်မှ ပံ့ပိုးပေးသူများ၊ ကျွန်ုပ်တို့၏ ၀န်ဆောင်မှုပေးသူများ၊ အခြား ချေးငွေဆိုင်ရာဝန်ဆောင်မှုပေးသူများ၊ စျေးကွက်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများ ၊ ငွေကြေးဆိုင်ရာဝန်ဆောင်မှုပေးသူများနှင့် Facebook ကဲ့သို့သော အခြားဆက်သွယ်ရေး လူမှုမီဒီယာများ။

ကျွန်ုပ်တို့၏ ၀က်ဘ်ဆိုက်နှင့် စတင်ဆက်သွယ်လာသည်နှင့် သတင်းအချက်အလက်များကိုလည်း ကျွန်ုပ်တို့ ကောက်ယူထားပါသည်။ ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့၏ ဝဘ်ဆိုက်၌ အသုံးပြုပုံ စည်းကမ်းချက်များကို ဖတ်ရှုနိုင်ပါသည်။


သတင်းအချက်အလက်များ ထုတ်ဖော်ပြောဆိုခြင်း

ကျွန်ုပ်တို့ကိုယ်စား အချို့သောလုပ်ဆောင်ချက်များ ပြုလုပ်ရန်အတွက် ကျွန်ုပ်တို့နှင့်စာချုပ်ချုပ်ဆိုထားသော အခြားဝန်ဆောင်မှုပေးသူများအား လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို ဖော်ပြပေးအပ်နိုင်ပါသည်။ ၎င်းတို့မှာ

- ကြွေးမြီကောက်ခံခြင်း ၀န်ဆောင်မှုလုပ်ငန်းများ၊

- သက်ဆိုင်ရာအဖွဲ့အစည်းများ

- ကိုယ်ရေးအချက်အလက်စီစစ်ခြင်းများ ပြုလုပ်နိုင်ရန်အတွက် သတင်းအချက်အလက်များကို ကောက်ယူခြင်း၊ ထိန်းသိမ်းခြင်း၊ ဖော်ပြခြင်းများပြုလုပ်သည့် သတင်း အချက်အလက်မှတ်ပုံတင်သည့်အဖွဲ့အစည်းများ၊ ချေးငွေဆိုင်ရာအကဲဖြတ်ခြင်းနှင့် သတင်းပေးပို့သည့်အဖွဲ့အစည်းများ၊ ချေးငွေကောက်ခံပေးသူများ နှင့် စျေးကွက် အတွင်း ဝန်ဆောင်မှုပေးသူများ။

ထို့အတူ အောက်ပါပုဂ္ဂိုလ်/အဖွဲ့အစည်းများထံသို့ သတင်းအချက်လက်များကို ဖော်ပြနိုင်ပါသည်။

- သက်ဆိုင်ရာအဖွဲ့စည်းများ သို့ ဆက်စပ်လုပ်ငန်းများ

- ဈေးကွက်အတွင်းတိုက်ရည်ရိုက်၀န်ဆောင်မှုပေးသူများ (ချေးငွေနှင့်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးမည့် အခြားဆက်စပ်လုပ်ငန်းများ). အကယ်၍ လူကြီးမင်း မှ ဈေးကွက်ရှာဖွေရေးဆိုင်ရာသတင်းအချက်အလက်များကို ရယူလိုခြင်းမရှိပါက ဤမူဝါဒ၏ အဆုံး၌ဖော်ပြထားသည့် နည်းလမ်းများဖြင့် ဆက်သွယ်၍ အချိန်မရွေး ငြင်းပယ်နိုင်ပါသည်။ ထို့အတူ စျေးကွက်မြှင့်တင်ခြင်းဆိုင်ရာ သတင်းများကို အီးမေးလ်ဖြင့် ရယူထားပါက Unsubscribe လုပ်ခြင်းဖြင့် ပယ်ဖျက်နိုင်ပါသည်။

- လူကြီးမင်း၏ ကိုယ်စားပြုသူ မည်သူမဆို (သို့မဟုတ်) လူကြီးမင်း၏ သတင်းအချက်အလက်များဖော်ထုတ်ခြင်းကို သဘောတူသူ။

- ရင်းနှီးမြှုပ်နှံသူ၊ ငွေကြေးထောက်ပံ့သူ၊ ဘဏ်များ၊ အေးဂျင့်များ (သို့) အကြံပေးများ( သို့) ကျွန်ုပ်တို့၏ စီးပွားရေးနှင့်သဘောတူစာချုပ်အား လုပ်ပိုင်စီမံခွင့်ရှိသူ (သို့) ပိုင်ဆိုင်ရန် ရည်ရွယ်ထားသည့် မည်သည့်အဖွဲ့အစည်းမဆို။

- လုပ်ငန်း၏လိုအပ်ချက်အရ သို့မဟုတ် အောက်ပါအတိုင်း ခွင့်ပြုထားသောတရားဥပဒေများအရ ဆောင်ရွက်နိုင်သည် -

- ငွေကြေးခဝါချမှုကိုတိုက်ဖျက်ရေးဥပဒေ (၂၀၁၄ခုနစ်)နှင့် အခြားထုတ်ပြန်ထားသောလမ်းညွှန်ချက်များ

- နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေ (၂၀၁၇ခုနှစ်)

- ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ (၂၀၁၆ခုနှစ်)


- သတင်းအချက်အလက်နှင့် အခြားအခြေခံစနစ်များအား ပံ့ပိုးပေးနေသောကုမ္ပဏီများ

- ဈေးကွက်မြှင့်တင်ရေးလုပ်ငန်းများနှင့်အခြားချေးငွေဆိုင်ရာပံ့ပိုးပေးသူများ။ ကျွန်ုပ်တိုသည် လူကြီးမင်း၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို (ပုဂ္ဂိုလ်ရေး အချက်အလက်များနှင့် ချေးငွေဆိုင်ရာချက်လက်များအပါအဝင်) အခြားစျေးကွက်မြှင့်တင်ရေးကုမ္ပဏီများနှင့် ချေးငွေပံ့ပိုးပေးသူများထံသို့ အသုံးပြုနိုင်ရန်အတွက် ပေးအပ်ခြင်း (သို့မဟုတ်) လဲလှယ်ခြင်းများပြုလုပ်နိုင်ပါသည်။ ထိုသတင်းအချက်အလက်များကို အေးဂျင့်များ၊ ကန်ထရိုက်တာများ(သို့) စျေးကွက်မြှင့်တင်ရေး လုပ်ငန်းများ၏အကြံပေးများ၊ ချေးငွေပံ့ပိုးပေးသူများသို့လည်း ဖော်ပြနိုင်ပါသည်။

- ဆက်သွယ်ရေးအတွက်သုံးပြုသည့် Facebook Messenger ကဲ့သို့ အခြားဆက်သွယ်ရေးအက်ပလီကေးရှင်းများ။

- စျေးကွက်မြှင့်တင်ရေးလုပ်ငန်းများအတွက် လူမှုရေးမီဒီယာဆက်သွယ်ရေး နည်းလမ်းများဖြစ်သည့် Facebook အက်ပလီကေးရှင်း။

- ကျွန်ုပ်တို့၏ စီးပွားရေးနှင့်ဝန်ဆောင်မှုလုပ်ငန်းများအရေးအသွေးတိုးမြှင့်ရန်အတွက် အကူအညီပေးနေသော အခြားအဖွဲ့အစည်းများ။

- အင်တာနက်စာမျက်နှာများအား လေ့လာဆန်းစစ်ရာတွင် အကူအညီပေးသည့် အဖွဲ့များ။

- စိတ်ဝင်စားမှု မှတ်တမ်းများ၊ ဆင့်ပွားကြော်ငြာခြင်းများ၊ ဆက်သွယ်ရေးကွန်ရက်များ၏ အထင်အမြင်များကို အစီအရင်ခံပေးသူများ

- ဝန်ဆောင်မှုရယူသူများ၊ ထုတ်ကုန်များ၊ စီးပွားရေး ( သို့မဟုတ်) ဗျူဟာအရလေ့လာဆန်းစစ်မှုများနှင့် အခြားဖွံ့ဖြိုးရေးအဖွဲ့အစည်းများ

- အုပ်ချုပ်ရေး (သို့မဟုတ်) စီးပွားရေးစီမံခန့်ခွဲသည့် ဝန်ဆောင်မှုများ၊ အတိုင်ပင်ခံကုမ္ပဏီများ၊ စာရင်းစစ်များနှင့် စီးပွားရေးစီမံခန့်ခွဲမှုအတိုင်ပင်ခံများ

- ပုံနှိပ်ခြင်း၊ email ပို့ခြင်း အစရှိသည့် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ဝန်ဆောင်မှုပေးသူများ

- ပုံနှိပ်ခြင်းနှင့်စာရွက်စာတမ်းစီမံခန့်ခွဲသည့် ဝန်ဆောင်မှုများ

- အင်တာနက်စာမျက်နှာများတွင်အများဆုံးရှာဖွေရစေရန် လုပ်ဆောင်ပေးသူများ

- ချေးငွေဆိုင်ရာ အစီရင်ခံပေးသည့် အေဂျင်စီများ

- လူကြီးမင်း၏ အလုပ်ရှင်၊ သက်သေခံပေးမည့် ပုဂ္ဂိုလ်များ (သို့မဟုတ်) ကိုယ်ရေးအချက်အလက်များ စိစစ်ခြင်းကို ဝန်ဆောင်မှုပေးသူများ


အထက်ဖော်ပြပါသတင်းအချက်အလက်များကို လက်ခံမည့်သူများသည် နိုင်ငံရပ်ခြားတွင်တည်ရှိပြီး ယူအက်စ်အေ၊ ဥရောပ၊ စင်ကာပူအပါအ၀င် မြန်မာနိုင်ငံပြင်ပတွင် ထိုသတင်းအချက်အလက်များကို သိမ်းဆည်းထားနိုင်သည်။


ထောက်ခံချက်များ

လူကြီးမင်း၏ အမည်နှင့် လိပ်စာကဲ့သို့သော ကိုယ်ရေးကိုယ်တာအချက်အလက်များပါဝင်သည့် ထောက်ခံချက်များ၊ အကြံပြုချက်များကို ကျွန်ုပ်တို့မှ ထုတ်ပြန်နိုင်ပါသည်။ ကျွန်ုပ်တို့၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသော လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဖယ်ရှားလိုပါက အောက်တွင်ဖော်ပြထားသော ဆက်သွယ်ရန်နည်းလမ်းများကို အသုံးပြု၍ ပေးပို့ဆက်သွယ်နိုင်ပါသည်။


ချေးငွေဆိုင်ရာသတင်းအချက်အလက်များ

ကျွန်ုပ်တို့သည် ချေးငွေနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို ကောက်ယူထိန်းသိမ်းထားပြီး ချေးငွေဆိုင်ရာ အစီအရင်ခံသည့်အဖွဲ့များနှင့် အခြားအလားတူ အဖွဲ့အစည်းများနှင့်လည်း လဲလှယ်ခြင်းများ ပြုလုပ်နိုင်ပါသည်။

ချေးငွေနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို ကျွန်ုပ်တို့မှ အီလက်ထရောနစ်ပုံစံဖြင့် ကျွန်ုပ်တို့၏ အိုင်တီဆာဗာများပေါ်တွင် သိမ်းဆည်းထားနိုင်ပြီး စာရွက်များဖြင့်လည်း သိမ်းဆည်းထားနိုင်သည်။ ချေးငွေနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို သိမ်းဆည်းရန် ကျွန်ုပ်တို့သည် Cloud Storage ဖြင့် သိမ်းဆည်းထားနိုင်ပြီး ထိုအိုင်တီဆာဗာများမှာ မြန်မာနိုင်ငံတွင် (သို့မဟုတ်) ပြင်ပတွင် ထားရှိနိုင်ပါသည်။

ချေးငွေဆိုင်ရာအစီရင်ခံသည့်အဖွဲ့များမှ လူကြီးမင်း၏ ချေးငွေနဲ့သက်ဆိုင်သည့်အချက်အလက်များကို ရရှိသောအခါ အများပြည်သူသိရှိနိုင်သည့်သတင်းအချက်လက်များနှင့် အခြားချေးငွေဆိုင်ရာဖောက်ဖျက်မှုများကို ရှာဖွေနိုင်ပါသည်။ ကျွန်ုပ်တို့သည် လူကြီးမင်း၏ ချေးငွေနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို ကျွန်ုပ်တို့အား အထောက်အပံ့ပေးနေသည့်အဖွဲ့အစည်းများသို့ ထုတ်ဖော်ပြသသွားမည်ဖြစ်ပြီး ထိုအဖွဲ့အစည်းများသည် ယူအက်စ်၊ ဥရောပသမဂ္ဂနှင့် စင်ကာပူနိုင်ငံများအပါအ၀င် အခြားနိုင်ငံရပ်ခြားများတွင် တည်ရှိနိုင်သည်။


ချေးငွေအစီရင်ခံရေးအဖွဲ့များ

လူကြီးမင်း၏ ချေးငွေနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို ချေးငွေအစီရင်ခံသည့် အဖွဲ့များနှင့်လဲလှယ်နိုင်သည်။ ချေးငွေအစီရင်ခံရေးအဖွဲ့များသည် ချေးငွေနှင့်ပတ်သက်သောသတင်းအချက်အလက်များကို ချေးငွေပေးသူများအား ချေးငွေပြန်လည်ပေးဆပ်နိုင်ချေကိုအကဲဖြတ်ရန်၊ ချေးငွေ(သို့မဟုတ်) ၀န်ဆောင်မှုများအတွက် လျှောက် ထားမှုများကို အကဲဖြတ်ရန်နှင့် ဆောင်မှုများကိုစီမံခန့်ခွဲရန်အစရှိသည့် ဆောင်ရွက်ချက်များ လုပ်ဆောင်ကြသည်။

အကယ်၍ ကျွန်ုပ်တို့ပေးအပ်ထားသော ချေးငွေ(သို့မဟုတ်)ဝန်ဆောင်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြန်လည်ပေးချေမှုများကို လုပ်ဆောင်ရန်ပျက်ကွက်ခဲ့ပါက(သို့မဟုတ်) ကြီးလေး သော ငွေကြေးဆိုင်ရာချိုးဖောက်မှုများကျူးလွန်ခဲ့ပါက ချေးငွေအစီရင်ခံရေးအဖွဲ့များသို့ လူကြီးမင်း၏ ချေးငွေဆိုင်ရာသတင်းအချက်လက်များကို ပေးပို့ဖော်ပြနိုင်ပါသည်။ တခါတစ်ရံတွင် လူကြီးမင်း၏ချေးငွေနှင့်သက်ဆိုင်သည့်သတင်းအချက်လက်များကို ချေးငွေထောက်ပံ့ပေးသူများ၏ တောင်းဆိုမှုအရ ချေးငွေစီစစ်ခြင်းများ ပြုလုပ်နိုင်ရန် ရည်ရွယ်၍ ချေးငွေအစီရင်ခံရေးအဖွဲ့များမှ အသုံးပြုနိုင်ပါသည်။ အကယ်၍လူကြီးမင်းသည် ငွေကြေးဆိုင်ရာလိမ်လည်မှုများ ပြုလုပ်ခြင်းကို ခံရပါက ချေးငွေအစီရင်ခံရေးအဖွဲ့များသို့ ဆက်သွယ်အကြောင်းကြားသင့်သည်။

အခြားသတင်းအချက်အလက်များကောက်ယူခြင်း

ကျွန်ုပ်တို့၏ ၀က်ဘ်ဆိုက်၊ ချေးငွေများနှင့် ၀န်ဆောင်မှုများကို အသုံးပြုသူများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်၊ ဝန်ဆောင်မှုရယူသူများ၏ လိုအပ်ချက်ကိုပိုမိုနားလည်လာနိုင်စေရန်နှင့် အသုံးပြုနေသည့်ဆက်သွယ်ရေးပစ္စည်းများကို ပိုမိုသိရှိနိုင်ရန် ရည်ရွယ်၍ [ဥပမာ - စက်ပစ္စည်း၏ IP လိပ်စာ (အမည်မသိပုံစံဖြင့်သာသိမ်းဆည်းထားနိုင်ခြင်း)၊ ကိရိယာအမျိုးအစား၊ (သီးသန့်စက်ပစ္စည်းအမှတ်အသား)၊ Browser အချက်အလက်နှင့် ပထဝီဆိုင်ရာတည်နေရာ (နိုင်ငံအတွက်သာ) ၊ သတင်းနည်းပညာကို အသုံးပြုနိုင်ပါသည်။ ဤကဲ့သို့ လုပ်ဆောင်ချက်များသည် ကြော်ငြာ Cookies များ၊ Code နှင့် Identifiers များမှတဆင့် အချက်အလက်များကို ကောက်ယူပါသည်။

ထိုသတင်းအချက်လက်များအား အသုံးပြုသည့် လူပုဂ္ဂိုလ်တဦးချင်းစီခွဲခြားရန် (သို့မဟုတ်) ကိုက်ညီမှုများရှိရန် ကျွန်ုပ်တို့အသုံးပြုမည့်မဟုတ်ပါ။


သတင်းအချက်အလက်လုံခြုံရေး

လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လုံခြုံသောနေရာ၌ သိမ်းဆည်းထားခြင်းအားဖြင့် သင့်လျော်သည့် လုပ်ဆောင်ချက်များကို ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည်။ လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို စာရွက်နှင့် အီလက်ထရောနစ်ပုံစံဖြင့် သိမ်းဆည်းထားနိုင်သည်။ ထို့အတူ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အလွှဲသုံးစားပြုလုပ်ခြင်း ၊ ဆုံးရှုံးစေခြင်း၊ ခွင့်ပြုချက်မရှိဘဲအသုံးပြုခြင်း၊ ပြင်ဆင်ခြင်းနှင့် ထုတ်ဖော်ခြင်းများမပြုလုပ်နိုင်ရန်အတွက် သင့်လျော်သည့်လုပ်ဆောင်ခြင်းများကိုလည်း ကျွန်ုပ်တို့မှ ဆောင်ရွက်သွားမည်ဖြစ်သည်။


ကိုယ်ရေးကိုယ်တာအချက်လက်များကို ပြင်ဆင်ပြောင်းလဲခြင်း

ကျွန်ုပ်တို့ထိန်းသိမ်းထားရှိသော လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်များသည် တိကျမှန်ကန်ပြီး ပြည့်စုံစေရန် အရေးကြီးပါသည်။ လူကြီးမင်းနှင့်ကျွန်ုပ်တို့အကြား ဆက်သွယ်ဆောင်ရွက်နေသောကာလအတွင်း လူကြီးမင်း၏ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက် တစုံတရာ ပြောင်းလဲမှုရှိပါက ကျွန်ုပ်တို့အား အကြောင်းကြားပေးရန် တောင်းဆိုနိုင်ပါသည်။

လူကြီးမယ်၏ကိုယ်ရေးကိုယ်တာအချက်အလက်များ ပြောင်းလဲပြင်ဆင်လိုပါက ကျွန်ုပ်တို့အား ဆက်သွယ်နိုင်ပါသည်။ ထိုကဲ့သို့ မှန်ကန်တိကျပြီး ပြည့်စုံသည့် သတင်းအချက်အလက်များ ရရှိစေရန်မှာ လူကြီးမင်းအပေါ်တွင် ယေဘူယျအားဖြင့် များစွာမူတည်နေပါသည်။


သတင်းအချက်အလက်များ ဝင်ရောက်ကြည့်ရှုခြင်းနှင့် ပြင်ဆင်ခြင်း

ကျွန်ုပ်တို့ ထိန်းသိမ်းထားရှိထားသော လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဝင်ရောက်ကြည့်ရှုနိုင်ရန် အတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ကျွန်ုပ်တို့ ထိန်းသိမ်းထားရှိထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များကို ၀င်ရောက်ကြည့်ရှုနိုင်ရန်အတွက် အောက်ဖော်ပြပါ နည်းလမ်းများဖြင့် ဆက်သွယ်တောင်းဆိုနိုင်ပါသည်။ ထိုကဲ့သို့ သတင်းအချက်အလက်များကို ပြန်လည်ရယူခြင်းနှင့် ရရှိရန်ပံ့ပိုးပေးခြင်းများအတွက် ကျွန်ုပ်တို့မှ အခကြေးငွေကို ကောက်ခံနိုင်ပါသည်။

လူကြီးမင်းမှ တောင်းဆိုလာသည့် ပုံစံပေါ်မူတည်၍ ကျွန်ုပ်တို့မှ ထိုတောင်းဆိုမှုကိုချက်ချင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ သို့မဟုတ်ပါက တောင်းဆိုမှုကိုလက်ခံရရှိပြီး (၇) ရက်အတွင်း လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ထိုတောင်းဆိုမှုများကို စနစ်တကျ စစ်‌ ဆေးနိုင်ရန်အတွက် အခြားအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်သွားနိုင်သည်။

သို့ရာတွင် လူကြီးမင်း၏ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များကို လူကြီးမင်းမှ ဝင်ရောက်ကြည့်ရှုနိုင်ရန်အတွက် လုပ်ဆောင်ပေးရန်မလိုအပ်သော အခြေအနေများ ရှိနိုင်ပါသည်။ ဥပမာအားဖြင့် ၎င်းသတင်းအချက်အလက်သည် တရားစွဲဆိုမှုများနှင့် ပတ်သက်နေပါက (သို့မဟုတ်) လူကြီးမင်း၏တောင်းဆိုချက်သည် အငြင်းပွားဖွယ်တစုံတရာ ဖြစ်ပေါ်နေပါက စသည်တို့ ဖြစ်ပါသည်။ ထိုကဲ့သို့ လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များကို ဝယ်‌ရာက်ကြည့်ရှုခွင့် တောင်းဆိုမှုကို ကျွန်ုပ်တို့မှ ငြင်းပယ်ခဲ့ပါက ငြင်းပယ်ရခြင်း၏အကြောင်းရင်းအား ပေးပို့သွားမည်ဖြစ်သည်။

အကယ်၍ ကျွန်ုပ်တို့ထိန်းသိမ်းထားသော လူကြီးမင်း၏ကိုယ်ရေးကိုယ်တာအချက်လက်များမှာ မမှန်ကန်ခြင်း၊ တိကျမှုမရှိခြင်း၊ သက်တမ်းကျော်လွန်နေခြင်းများရှိပါက ဤမူဝါဒ၏အဆုံးသတ်တွင် ဖော်ပြသည့်နည်းလမ်းများဖြင့် ကျွန်ုပ်တို့အား ပြင်ဆင်ရန် ဆက်သွယ်အကြောင်းကြားနိုင်သည်။ ထို့အတူ ကျွန်ုပ်တို့မှ ကိုယ်ရေးကိုယ်တာအချက်အလက်များဖြင့် ပြင်ဆင်ရန်ငြင်းဆိုခဲ့ပါက မပြင်ဆင်ရသည့်အကြောင်းရင်းများကို ပေးအပ်သွားမည်ဖြစ်သည်။


နိုင်ငံပိုင်အစိုးရ၏ သက်သေခံလက်မှတ်များအား အသုံးပြုခြင်း

အကယ်၍ နိုင်ငံပိုင်အစိုးရ၏သက်သေခံလက်မှတ်များဖြစ်သည့် မှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ်၊ ယာဉ်မောင်းလိုက်စင်နံပါတ် အစရှိသည်တို့ကို တောင်းယူကောက်ခံသွားပါက ထိုသက်သေခံလက်မှတ်များအား ဥပဒေအရခွင့်ပြုထားသော အကြောင်းအရာများမှလွဲ၍ အသုံးပြုခြင်း ထုတ်ဖော်ခြင်းများမရှိပါ။ နိုင်ငံပိုင်အစိုးရ၏သက်သေခံလက်မှတ်များအား လူကြီးမင်း၏ သက်သေခံအထောက်အထားအဖြစ် ကျွန်ုပ်တို့နှင့်ဆက်သွယ်ဆောင်ရွက်နေသောကာလအတွင်းသာ အသုံးပြုသွားမည်ဖြစ်သည်။


လူကြီးမင်းအား ခွဲခြားဆန်းစစ်ခြင်းမပြုဘဲ လုပ်ဆောင်သည့်လုပ်ငန်းများ

အချို့သောအခြေအနေအများစုတွင် ကျွန်ုပ်တို့၏ ချေးငွေ သို့မဟုတ် ၀န်ဆောင်မှုများ၊ အရောင်းမြှင့်တင်ရေးကမ်းလှမ်းချက်များအစရှိသည်တို့ကို စုံစမ်းမေးမြန်းမှုများအပါအ၀င် ဆက်သွယ်ဆောင်ရွက်ခြင်းများ အောင်မြင်စွာလုပ်ကိုင်နိုင်ရန်အတွက် လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးအချက်အလက်များအား သေချာစွာဆန်းစစ်သွားရန် လိုအပ်ပါသည်။ သို့‌သော် အချို့သောအခြေအနေများတွင် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်လက်များ မ‌ပေးအပ်ရသော လုပ်ငန်းများဆောင်ရွက်နိုင်ပါသည်။ သို့သော်ငြားလည်း ကျွန်ုပ်တို့ဆောင်ရွက်ပေးနိုင်သည့် ဝန်ဆောင်မှုများနှင့် သတင်းအချက်လက်များသည် ကန့်သတ်မှုများရှိပါသည်။


တိုင်ကြားချက်များ

လူကြီးမင်း၏ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ ကျွန်ုပ်တို့မှမည်ကဲ့သို့အသုံးပြုသည်ကို ကျေနပ်မှုမရှိပါက သို့မဟုတ် တိုင်ကြားချက်တစုံတရာရှိပါက တိုင်ကြားမှုများကိုင်တွယ်သည့် မိမိတို့၏ဝန်ထမ်းအား ဤမူဝါဒ၏အဆုံးသတ်တွင် ဖော်ပြထားသောနည်းလမ်းများဖြင့် ဆက်သွယ်နိုင်ပါသည်။


အခြားသတင်းအချက်အလက်များ

ကျွန်ုပ်တို့အားဆက်သွယ်ခြင်းဖြင့် အခြားသတင်းအချက်အလက်များတောင်းခံနိုင်ခြင်း သို့မဟုတ် လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ အချက်လက်များ ကိုင်တွယ်ပုံနှင့်ပတ်သက်၍ အကြံပြုချက်များ ပေးပို့နိုင်ပါသည်။

ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှု မူဝါဒပြောင်းလဲခြင်းများ

ကျွန်ုပ်တို့သည်ဤမူဝါဒအားအခါအားလျော်စွာပြောင်းလဲနိုင်သည်။ ပြောင်းလဲပြင်ဆင်ထားသော မူဝါဒအား ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်ပေါ်တွင် ဖော်ပြထားမည်ဖြစ်ပြီး ၎င်းဖော်ပြထားနေ့မှ စတင်၍ အကျိုးသက်ရောက်စေမည် ဖြစ်သည်။

ဆက်သွယ်ရန်နည်လမ်းများ

ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနှင့် ပတ်သက်သောမေးမြန်းချက်များ၊ တိုင်ကြားမှုများ သို့မဟုတ် အခြားတောင်းဆိုမှုများအတွက် လူကြီးမင်းသည် အောက်ပါနည်းလမ်းများအသုံးပြု၍ ကျွန်ုပ်တို့ကို ဆက်သွယ်နိုင်ပါသည်။

ဆက်သွယ်ရန်ဖုန်းနံပါတ်(+959 765 476 778)

အီးမေးလ်(info@smgf.com.mm)