မိတ်ဆွေဟာ ပုံမှန် လစဉ်၀င်ငွေတစ်ခုပြသနိုင်ပြီး အရေးပေါ်သုံးရန်ငွေလိုအပ်နေပါက SMG Finance မှာ ငွေသားချေးငွေ လျှောက်ထားနိုင်ပါပြီ။ မိမိလစဥ်၀င်ငွေပေါ်မူတည်ပြီး ငွေသားချေးငွေကို ၅သိန်းမှ သိန်း ၅၀ အထိ ချေးငွေရယူနိုင်မှာပဲဖြစ်ပါတယ်။ ချေးငွေပမာဏ ပေါ်မူတည်၍ အတိုးနှုန်း ၃% မှ ၄.၃% ကျသင့်မှာဖြစ်ပြီး လျှောက်ထားသူမှ ချေးငွေပမာဏပေါ်မူတည်ပြီး ၂.၅% မှစတင်၍ စာရွက်စာတမ်းကြေးနှင့် ၀န်ဆောင်ခအဖြစ်ပေးဆောင်ရမှာဖြစ်ပါတယ်
အရေးပေါ်ချေးငွေကို အွန်လိုင်းကနေပဲ အလွယ်တကူ လျှောက်ထားနိုင်ပါတယ် ။ အောက်မှာပေးထားတဲ့ဖောင်လေးမှာ လိုအပ်တဲ့ အချက်အလက်လေးတွေကို ဖြည့်ပေးလိုက်ရုံပါပဲ။ ထို့နောက် SMGF ရဲ့ ၀န်ထမ်းများမှ မိတ်ဆွေကို ပြန်လည်ဖုန်းခေါ်ဆိုပေးမှာဖြစ်ပြီး လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထားများကို ပေးပို့ရမှာပါ။ ချေးငွေရရှိကြောင်း အကြောင်းကြားမှု ရရှိပြီးရင်တော့ ချေးငွေကို သွားရောက်ထုတ်ယူလို့ရပါပြီ
ချေးငွေသက်တမ်းကိုတော့ ၆လ ၊ ၉လ ၊ ၁၂လ အထိသတ်မှတ်ထားပြီး လစဥ်ပြန်လည်ပေးသွင်းရမှာပဲဖြစ်ပါတယ်။ ဥပမာ - လတစ်လ၏ ၁ရက်နေ့မှ ၁၅ ရက်နေ့အတွင်းလျှောက်ထားခဲ့လျှင် လကုန်ရက်တွင် ပထအအရစ်ကို ပြန်လည်ပေးသွင်းရမှာဖြစ်ပြီး ၁၅ရက် နေ့မှ လကုန်ရက်အတွင်းလျှောက်ထားခဲ့လျှင် ပထမအရစ်ကို နောက်လကုန်မှပေးသွင်းရမှာပဲဖြစ်ပါတယ်
သင်ချေးငွေထုတ်ယူခဲ့တဲ့ SMGF ရုံးသို့ ကိုယ်တိုင်လာရောက်၍ဖြစ်စေ ၊ SMGF နဲ့ ချိတ်ဆက်ထားတဲ့ငွေလွှဲ ၀န်ဆောင်မှုအေးဂျင့်များမှဖြစ်တဲ့ true money ,Ongo နှင့် Citizens pay မှလည်း ချေးငွေကို ပြန်လည်ပေးသွင်းနိုင်ပါသည်
လျှောက်ထားသူ
- မှတ်ပုံတင် မူရင်း
- အိမ်ထောင်စုစာရင်း မူရင်း
- ရက်ကွက်ထောက်ခံစာ
- လျှောက်ထားသူ၏ ဓာတ်ပုံ(၁)ပုံ
- ၀င်ငွေရလမ်း ပြသနိုင်သောအထောက်အထားတစ်ခုခု
ထောက်ခံသူ
- မှတ်ပုံတင် မူရင်း
- အိမ်ထောင်စုစာရင်း မူရင်း
- ထောက်ခံသူ ၏ ဓာတ်ပုံ(၁)ပုံ