မိတ်ဆွေဟာ စက်ရုံအလုပ်ရုံ ၀န်ထမ်းဖြစ်ဖြစ်၊ အစိုးရ၀န်ထမ်း ၊ ကုမ္ပဏီဝန်ထမ်းဖြစ်ဖြစ် ချေးငွေလျှောက်ထားလိုပါက SMG Finance မှာ လစာအကြိုချေးငွေ လျှောက်ထားနိုင်ပါပြီ။
မိမိ၏ လစာ၀င်ငွေအပေါ်မူတည်ပြီး ၀န်ထမ်းချေးငွေကို ၅ သိန်း မှ ၈၀ သိန်းအထိ ချေးယူနိုင်ပါတယ်။
ချေးငွေပမာဏပေါ်မူတည်ပြီး ၂.၅% မှစတင်၍ စာရွက်စာတမ်းကြေးနှင့် ၀န်ဆောင်ခအဖြစ်ပေးဆောင်ရမှာဖြစ်ပြီး လစဉ်အတိုးနှုန်း ၁% သတ်မှတ်ထားပါတယ်
ဝန်ထမ်းချေးငွေကို အွန်လိုင်းကနေပဲ အလွယ်တကူ လျှောက်ထားနိုင်ပါတယ် ။ အောက်မှာပေးထားတဲ့ဖောင်လေးမှာ လိုအပ်တဲ့ အချက်အလက်လေးတွေကို ဖြည့်ပေးလိုက်ရုံပါပဲ။ ထို့နောက် SMGF ရဲ့ ၀န်ထမ်းများမှ မိတ်ဆွေကို ပြန်လည်ဖုန်းခေါ်ဆိုပေးမှာဖြစ်ပြီး လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထားများကို ပေးပို့ရမှာပါ။ ချေးငွေရရှိကြောင်း အကြောင်းကြားမှု ရရှိပြီးရင်တော့ ချေးငွေကို သွားရောက်ထုတ်ယူလို့ရပါပြီ
ချေးငွေသက်တမ်းကိုတော့ ၆လ ကနေ ၁၂လ အထိသတ်မှတ်ထားပြီး လစဥ်ပြန်လည်ပေးသွင်းရမှာပဲဖြစ်ပါတယ်။ ဥပမာ - လတစ်လ၏ ၁ရက်နေ့မှ ၁၅ ရက်နေ့အတွင်းလျှောက်ထားခဲ့လျှင် လကုန်ရက်တွင် ပထအအရစ်ကို ပြန်လည်ပေးသွင်းရမှာဖြစ်ပြီး ၁၅ရက် နေ့မှ လကုန်ရက်အတွင်းလျှောက်ထားခဲ့လျှင် ပထမအရစ်ကို နောက်လကုန်မှပေးသွင်းရမှာပဲဖြစ်ပါတယ်
သင်ချေးငွေထုတ်ယူခဲ့တဲ့ SMGF ရုံးသို့ ကိုယ်တိုင်လာရောက်၍ဖြစ်စေ ၊ SMGF နဲ့ ချိတ်ဆက်ထားတဲ့ငွေလွှဲ ၀န်ဆောင်မှုအေးဂျင့်များမှဖြစ်တဲ့ true money ,Ongo နှင့် Citizens pay မှလည်း ချေးငွေကို ပြန်လည်ပေးသွင်းနိုင်ပါသည်
လျှောက်ထားသူ
- မှတ်ပုံတင် မူရင်း
- အိမ်ထောင်စုစာရင်း မူရင်း
- ရပ်ကွက်ထောက်ခံစာ ( ၂ပါတ်အတွင်းပြုလုပ်ထားသော)
- လျှောက်ထားသူ၏ ဓာတ်ပုံ(၁)ပုံ
- ကုမ္ပဏီ Letter Head (သို့) ရုံးတံဆိပ် ပါသော အလုပ်လုပ်နေကြောင်းထောက်ခံစာ (၂ပါတ်အတွင်း)
(HR/ ဌာနမှ အထက်လူကြီး၏ လက်မှတ်နှင့်ဖုန်းနံပါတ် ပါရှိရမည်)
- ၃လစာ လစာရှင်းတမ်း (Pay Slips)
ထောက်ခံသူ (ကုမ္ပဏီတူ/ အစိုးရဌာနတူ ဝန်ထမ်းဖြစ်လျှင် ရာထူးမြင့်သည့်ဝန်ထမ်းဖြစ်ရမည်)
- မှတ်ပုံတင် မူရင်း
- အိမ်ထောင်စုစာရင်း မူရင်း
- ထောက်ခံသူ ၏ ဓာတ်ပုံ(၁)ပုံ
- ၃လစာ လစာရှင်းတမ်း (Pay Slips)
*ချေးငွေ လျှောက်ထားသောပမာဏသည် ၁၀ သိန်းနှင့် အထက်ဖြစ်ပါက ထောက်ခံသူ ၂ဦး လိုအပ်ပါသည်*