မိတ်ဆွေဟာ ဝန်ထမ်းတစ်ဦးဖြစ်ပြီး အရေးပေါ်သုံးရန်ငွေလိုအပ်နေပါက SMG Finance မှာ အရေးပေါ်သုံးချေးငွေ လျှောက်ထားနိုင်ပါပြီ။ မိမိလစဥ်၀င်ငွေရဲ့ ၃၀% ကို အရေးပေါ်ချေးငွေအဖြစ်လျှောက်ထားနိုင်ပြီး အနည်းဆုံး ၈၀၀၀၀ (ရှစ်သောင်း)ကျပ်မှ အများဆုံး ၃၀၀၀၀၀ (သုံးသိန်း) ကျပ် အထိလျှောက်ထားနိုင်မှာပဲဖြစ်ပါတယ်။ အတိုးနှုန်း 0% ဖြစ်ပြီး လျှောက်ထားသူမှ ချေးငွေ၏ 15% ကို စာရွက်စာတမ်းကြေးနှင့် ၀န်ဆောင်ခအဖြစ်ပေးဆောင်ရမှာဖြစ်ပါတယ်
အရေးပေါ်ချေးငွေကို အွန်လိုင်းကနေပဲ အလွယ်တကူ လျှောက်ထားနိုင်ပါတယ် ။ အောက်မှာပေးထားတဲ့ဖောင်လေးမှာ လိုအပ်တဲ့ အချက်အလက်လေးတွေကို ဖြည့်ပေးလိုက်ရုံပါပဲ။ ထို့နောက် SMGF ရဲ့ ၀န်ထမ်းများမှ မိတ်ဆွေကို ပြန်လည်ဖုန်းခေါ်ဆိုပေးမှာဖြစ်ပြီး လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထားများကို ပေးပို့ရမှာပါ။ ချေးငွေရရှိကြောင်း အကြောင်းကြားမှု ရရှိပြီးရင်တော့ ချေးငွေကို သွားရောက်ထုတ်ယူလို့ရပါပြီ
အရေးပေါ်ချေးငွေကိုတော့သက်တမ်း တစ်လအတွင်းပြန်လည်ပေးဆပ်ရန်သတ်မှတ်ထားပြီး မည်သည့်နေ့ရက်တွင် ချေးငွေရယူခဲ့သည်ဖြစ်စေ လစာထုတ်သည့်နေ့ရက်တွင်ပြန်လည်ပေးသွင်းရမည်ဖြစ်ပါသည်။ချေးငွေကို အချိန်မှီ ပြန်လည်ပေးသွင်းနိုင်ပါက နောက်ထပ်တစ်ကြိမ်ပြန်လည်လျှောက်ထားနိုင်မှာဖြစ်ပြီးတော့ သတ်မှတ်ကာလအတွင်းအချိန်မှီအပြည့်အ၀ ပြန်လည်မပေးသွင်းနိုင်ပါက ကျန်ငွေအား ၃လစာချုပ်ချုပ်ဆိုပေးမှာဖြစ်ပြီး အတိုးနှုန်း ၁၀% ကျသင့်မှာဖြစ်ပါတယ်
သင်ချေးငွေထုတ်ယူခဲ့တဲ့ SMGF ရုံးသို့ ကိုယ်တိုင်လာရောက်၍ဖြစ်စေ ၊ SMGF နဲ့ ချိတ်ဆက်ထားတဲ့ငွေလွှဲ ၀န်ဆောင်မှုအေးဂျင့်များမှဖြစ်တဲ့ true money ,Ongo နှင့် Citizens pay မှလည်း ချေးငွေကို ပြန်လည်ပေးသွင်းနိုင်ပါသည်
လျှောက်ထားသူ
- မှတ်ပုံတင် မူရင်း
- အိမ်ထောင်စုစာရင်း မူရင်း
- ရက်ကွက်ထောက်ခံစာ
- လျှောက်ထားသူ၏ ဓာတ်ပုံ(၁)ပုံ
- ကုမ္ပဏီ Letter Head (သို့) Seal တံဆိပ် ပါသော အလုပ်လုပ်နေကြောင်း HRထောက်ခံစာ (တစ်လအတွင်း)
ထောက်ခံသူ
- မှတ်ပုံတင် မူရင်း
- အိမ်ထောင်စုစာရင်း မူရင်း
- ထောက်ခံသူ ၏ ဓာတ်ပုံ(၁)ပုံ